"ဘယ်ဘက်လက်"
စက်ရုံလုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် ကောင်မလေးရဲ့ဘယ်ဘက်လက်ကို
ဖြတ်ပစ်လိုက်ရတယ်။ ဘယ်ဘက်လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
လုပ်အားခလေးတွေ ဘယ်ဘက်လက်နဲ့အတူပြုတ်ကျသွားတယ်။ စက်ရုံကြီးက
၁၄နှစ်သမီး ကလေးလုပ်သားကို လုပ်သားကလေး အဖြစ်မှ ရပ်နားပေးတယ်။
စက်ရုံကြီးဆီမှာ ဘယ်ဘက်လက်ကို လျော်ကြေး အဖြစ် ထားခဲ့လိုက်ရတယ်။
ကောင်မလေးက မငိုဘူး။ ကောင်မလေး ငိုင်နေတယ်။
ကောင်မလေး မျက်ရည်မကျဘူး။ ကောင်မလေး စိတ်ဓာတ်ကျတယ်။
ကောင်မလေးက ပြောတယ်။ အရင်လို ဘယ်ဘက်လက်ကို ပြန်လိုချင်တယ်။
ဘယ်ဘက်လက်က ပြောတယ်။ အရင်လို ကောင်မလေးဆီ ပြန်လာချင်တယ်။
စက်ရုံကြီးက ဘာမှမပြောဘူး။
ဘယ်ဘက်လက်က ကောင်မလေးကို လက်ပြ နှုတ်ဆက်နေရှာတယ်။
ကောင်မလေးက ညာဘက်လက်ကိုမြှောက်ပြီး ပြန်နှုတ်ဆက်လိုက်ရမှာလား ။ ။
လင်းဝေအိမ်
အလုပ်သမား ဂျာနယ်
နှင်းဆီဖြူ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄
အလုပ်သမား ဂျာနယ်
နှင်းဆီဖြူ မဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၄
No comments:
Post a Comment