"မင်္ဂလာ မနက်ခင်းပါ"
အိမ်ရှေ့က ကွင်းပြင်ကြီးထဲမှာ မြက်စားနေတဲ့ ငှက်ကလေးတွေဟာ
တချိန်ချိန်မှာ အဝေးဆီကိုပျံသန်းသွားဖို့ ဖိအားပေးခံရမယ် ဆိုတာကြိုမသိသေးတော့
စိတ်အေး လက်အေး စားမြုံတောင် ပြန်နေသေးတယ်။ ပါးစပ်ကနေ တဖြုတ်ဖြုတ်
ကျကျလာတဲ့ အမြုပ်ဖြူဖြူတွေဟာ တလှုပ်လှုပ် မေးရိုးတွေ မရပ်မချင်း။မြက်ပင်တွေက
အစိမ်းရောင်ဆေး မဆိုးရသေးဘူး။ တဖျတ်ဖျတ်။
ရေစီးမှာ မျောပါလာတဲ့ ကျောက်ခဲလေး ခမျာ ကြောက်ကြောက်နဲ့ခဲထား
လိုက်တာ သွားရာတွေ အကွင်းလိုက်ကြီး လက်မောင်းမှာ ထင်ကျန်ေ နရစ်တယ်။
အဲသလို တံဆိပ်တွေ တသီကြီး လျှော်ကြိုးနဲ့ သီထားတာ ယင်ကောင်တွေ တ၀ီဝီနဲ့
အပုပ်နံ့ဟာ မပြုမပြင် ရသေးမှီ အပုပ်နံ စစ်စစ်။ ပြုပြင်ပြီးသား အပုပ်နံ အတုတွေ
ကိုတော့ တရှိုက်ရှိုက် ရှိုက်ကာ ရှိုက်ကာ။ အငိုမလွယ် အရှိုက်ခက်။ အရှိုက် တည့်
တည့်ဆီ အခတ်ခံ လိုက်ရပြီး နောက်မှာပဲ ကျွဲချိုတွေကို တွေ့တိုင်း ရင်ဘတ်ထဲက
အောင့်အောင့် လာတယ်။ ကျွဲချိုကို မှုတ်လိုက်ပြီ ဆိုတာနဲ့ အိပ်ယာထဲက လူးလဲထ။
ရန်သူက အသင့် အနေအထားနဲ့။ စောင့်နေပြီ။ လက်ဆွဲ နှုတ်ဆက်။ ဦးညွှတ်။

သွေးညှီနံ့ သင်းနေတဲ့ ကော်ဖီခွက်နဲ့ စိတ်ကို လောင်းပေးလိုက်တယ်။
အလင်းရောင်က အိမ်ထဲကို ၀င်မလာနိုင်ဘူး။ ဖိနပ်ကို ပြောင်လက်နေအောင်တိုက်
ချွတ်။ ပြီးတာနဲ့ သေနတ်ကို ဆွဲထုတ်။
ချွတ်။ ပြီးတာနဲ့ သေနတ်ကို ဆွဲထုတ်။
ဝီစီသံဟာ အကျယ်ကြီးပဲ။ ကွန်ပြုတာ စခရင်က ကျဉ်းကျဉ်းလေးရယ်။
လင်းဝေအိမ်
No comments:
Post a Comment