09 November 2009

"ဆောင်းဦးဒိုင်ယာရီ"

ဆောင်းဦးလေပြေလို
ငါ့ ရင်ကိုလာလာခြွေတယ်
ငါကြွေနေပြီကောင်မလေး..........။

နှင်းတွေဆွတ်ဆွတ်ဖြူသလိုဖြူတဲ့ 
နင့်ရဲ့ 'ကလေးစိတ်ကလေး'
ငါ့ နှလုံးသားအထိလာလာ 'အေး' တယ် ။

ဘယ်သူကူလို့မှ မနွေးနိုင်တော့ဘူး
ငါ...
နှင်းဆူး 'စူး' နေပြီ ။

နင့်ရင်ခွင်မှာပဲ တစ်သက်တာရူးလိုက်ပါရစေတော့
ငါ့..နှင်းပွင့်လေးရယ်။ ။

နိုင်ကြီး


ဒီကဗျာကို မကွေးကွန်ပျူတာတက္ကသိုလ် မှာလည်းလာဖတ်နိုင်ပါတယ်။

05 November 2009

"ငါ့ ..ဆရာမလေး"

ငါ့ဆိပ်ကမ်းကို အသင့်ပြင်ထားတယ်
နင့်သဘောင်္လေးကမ်းကပ်ပါတော့လား
ငါ့ ..ဆရာမလေး..။

နင့်တပည့်လေးတွေ စာသင်သလိုတော့
ငါ့နှလုံးသားကို မရိုက်ပါနဲ့ ကွယ်။

အိမ်စာမှန်မှန်လုပ်တောမယ့်တပည့်မိုက်ကလေးပါ
နင်ရိုက်မှာကြောက်တယ်။

ငါ့ စာမျက်နှာမှာ
မှင်နီတွေကြက်ခြေမခတ်လိုက်ပါနဲ့ ။

နင်စစ်မယ့်စာမေးပွဲမှာ
ငါ...မကျရှုံးချင်ဘူးကွယ်။

ခေါက်ရိုးကျကျောင်းဝတ်စုံလေးရယ်ပါ
နင့်တစ်ဘ၀စာဆင်မြန်းဖို့ 
ငါ့ အိပ်မက်တို့နဲ့ယက်လုပ်ထားတယ်။

ငါ့...ဆရာမလေးရေ
ငါ့ဆိပ်ကမ်းတော့အသင့်ပြင်ပြီးသွားပြီ
နင့္သေဘာၤေလးသာ
ကမ်းကပ်လိုက်ပါတော့။ ။

နိုင်ကြီး
(6-Oct-2009)

03 November 2009

"စင်တင်ခွင့်မရသေးတဲ့ ပြဇာတ်"

ဝလုံးနေ့စွဲလေးတွေကတည်းက
ငါ့ သင်ပုန်းမှာ
နင့်နာမည်လေးကိုရေးခဲ့တယ်။

ဒါပေမယ့်ကွယ်
ချစ်ခြင်းတရားရဲ့ ဆိုင်းချက်အောက်
ကကြို:ပျောက်စွာယိမ်းနွဲ့ နေရင်းပဲ
သူငယ်ချင်းဆိုတဲ့ အသိ
ငါ့ခေါင်းလောင်းလေးရဲ့ အသံကို '၀ှက်' ထားတယ်။

ပိုင်ဆိုင်ခွင့်ကို
စီးကရက်လိုထိုင်ဖွာပစ်ဖို့ တော့
ပြာတွေကိုရင်မဆိုင်ဝံပါဘူးကွာ။

ပါးချိုင့်လေးတွေကကြိုးဆင်တတ်တဲ့ပါးပြင်လေး
စိတ်ကူးနဲ့တောင်မဝေးရဲပါဘူး
စံပယ်ဖူးလေးက
ရင်ခွင်ရဲ့ အနက်ရှိုင်းဆုံးကိုမှတူးဆွလိုက်တယ်။

နှုတ်ခမ်းတွေဟလိုက်တိုင်းလည်း
စကားလုံးတွေကပြေးပုန်းတယ်။

အသံမမြည်ဝံ့တဲ့ခေါင်းလောင်းလေးပါကွယ်...
ဘယ်လို..
အသံချိုစေရမလဲ..
............။

တကယ်တမ်း
ငါ့အချစ်က
စင်တင်ခွင့် မရသေးတဲ့ ပြဇာတ်ရှည်တစ်ပုဒ်ပါပဲ
ငါ့..ပရိတ်သတ်မလေးရယ်။ ။

နိုင်ကြီး

02 November 2009

"ရင်ခွင်တမ်းချင်း"

မိုးတွေများလွန်းတဲ့ မြို့ ကြီးမှာ
ကဗျာတွေပဲဖွင့်ဆောင်းရင်း
အမေ့အိမ်တံစက်မြိတ်ကလေးကိုလွမ်းလိုက်တာ။

မေ့မေ့ရင်ခွင်ဟာ
ဘယ်ပန်းချီဆရာမှပုံတူမဆွဲနိုင်ဘူး။ ။

နိုင်ကြီး

28 October 2009

"သို့ ......."

ထနောင်းဝေစီ ၊ မြေနီနီဝယ်
ခြေရာတွေသာ၊ ချန်ရစ်ကာဖြင့် 
ငါ ......
ကျောင်းတော်နဲ့ ဝေးခဲ့ ပြီ။

သည်မြေသည်ကျောင်း ၊ သည်ထနောင်းနဲ့ 
အပေါင်းအသင်း ၊ ငါ့ ရောင်းရင်းများ
လက်ပြရင်းပဲ ကျန်ရစ်ပြီ။

သုံးနှစ်သုံးမိုး ၊ ဆိုးမိုက်မူးရူး
ပျော်ခဲ့ ဖူးပေ ၊ သည်ကျောင်းမြေကို
ငါလေမေ့ ဖျောက်မစွမ်းသည်။

သည်ထနောင်းနဲ့  ၊ သည်ကျောင်းတော်ရိပ်
ချွေးသိပ်ခွင့်ဝေး ၊ လမ်းခွဲပြေးသူ
တွေးတွေးမိတိုင်းလွမ်းတော့ မည် ။

ချစ်တ့ဲံကျောင်းတော် ၊ အပေါင်းဖော်တွေ
မျှော်ယောင်တမ်းတ ၊ အဝေးမှပဲ
သင်းကွဲတဲ့ ငှက် လွမ်းရက်ရှည်။

အို...
ထနောင်းပွင့်ဝေ ၊ ကျောင်းတော်မြေမှ
ငါ့ သူငယ်ချင်း ၊ ချစ်ရောင်းရင်းတို့ ...

အပေါင်းဖော်တွေ ၊ ကျောင်းတော်မြေနဲ့ 
လမ်းခွဲခဲ့ လည်း ...
ငါ့ ရင်ထဲမှာ ၊ဘာမှမပြောင်း
ထနောင်းပွင့် ဝေ
မြေနီနီမှာ
ခြေရာမဖျက်
သတိရလျှက်ပါပဲ သူငယ်ချင်းတို့ ရယ်။ ။
နိုင်ကြီး
(ဒီကဗျာကိုUCSMGYမှာလည်းဖတ်နိုင်ပါတယ်။)