့
ကျည်ဆံမှာ သခင်မရှိဘူး
သေနတ်မှာ ဘက်မရှိဘူး
လက်နက်ဆိုတာ သေခြင်းကလွဲပြီး ဘာမှမဖန်ဆင်းနိုင်တဲ့နတ်ဆိုးပဲ
ပန်းပွင့်လေးတွေကို ယမ်းငွေ့နဲ့ပျိုးလို့ရမတဲ့လား
စစ်ပွဲတွေဟာ ဘယ်ရထားပြောင်းစီးစီး သေခြင်းတရားမှာပဲဂိတ်ဆုံးတယ်
အားလုံး အားလုံး ရပ်လိုက်ကြဗျာ
မုန်တိုင်းထန်ထန်ပင်လယ်မှာ သင်္ဘောအိုအိုကြီး ခရီးဆက်မယ်
ကျေးဇူးပြု၍ လူကြီးမင်းတို့၏လက်နက်များကို ကုန်းမြေပေါ်တွင်စွန့်ပစ်ခဲ့ကြပါ
ပန်းတိုင်ဟာ ငါတို့ကိုစောင့်နေတယ်။ ။
လင်းဝေအိမ်(၁၉-၀၃-၂၀၁၂)
လမ်းပြကြယ်စာကြည့်တိုက်(စင်္ကာပူ) ၅နှစ်ပြည့်မဂ္ဂဇင်း
No comments:
Post a Comment