02 May 2012

"ပျောက်ဆုံးခြင်း"



ငွေကြေးတို့ရဲ့ ရိတ်သိမ်းခြင်းမှာ အခါခါလည်စင်းပေးခဲ့ရသော ဖြူစင်မှုများ၊    ငယ်ငယ်တုန်းက
ကစားခဲ့တဲ့ ရွှံ့ရုပ်ညိုညိုလေးတွေဟာ ဘာဆေးရောင်မှခြယ်သမထားဘူး။ တူတူပုန်းနေတဲ့ငယ်
ဘ၀လေးကို ဘယ်တော့ မှရှာမတွေ့နိုင်တော့ပါဘူး။ ငါပန်းပေးပါတယ်၊   စိတ်လွတ်ကိုယ်လွတ်
ရယ်သံလေးရယ် ငါ့ဆီကိုပြန်လာပါလား။ ငါ့ရဲ့ကကြီးခခွေးလေးတွေဟာ ကျောင်းလွယ်အိပ်လေး
ထဲမှာပဲနေရစ်ခဲ့ကြရတယ်။ ပြန်ရေးခွင့်မရတဲ့ ပန်းချီကားလေးကိုပဲ ပြန်ပြန်ငေးကြည့်မိရင်း ငါ့မှာ
တော့အရောင်အတွဲအစပ်တွေ စုံခဲ့ရပါပြီ။ လမ်းအဆုံးမှာ ပန်းတိုင်ဟာစောင့်နေလိမ့်မယ်၊  လမ်း
အစမှာခြေထောက်နဲ့မတော်တော့တဲ့ဖိနပ်ကလေးကို ချွတ်ထားခဲ့လိုက်ရတယ်။  ဘယ်ကိုဆက်
သွားရမှာလဲ မသေချာတော့တဲ့အချိန်မှာ ငါလျှောက်နေတာ လမ်းဖြစ်ကြောင်း    သေချာသွားပြီ။
စာသင်ခန်းလေးက ငါ့နောက်ကို လိုက်မလာနိုင်ခဲ့ဘူး၊  သင်ခန်းစာလေးကိုငါကျောပိုးအိတ်လေး
ထဲမှာသယ်ဆောင် လာခဲ့ပါတယ်။ လက်ယာရစ်ပဲရေးရေး လက်ဝဲရစ်ပဲရေးရေး  ၀လုံးလေးတွေ
ကိုတော့ပိုင်းနေစေချင်တယ်။ မိတ်ဆွေအတုတွေက စကားလုံးအတုများနဲ့ပစ်ပေါက်ကြတဲအခါ
ငါ့မှာရင်ဘတ်အတုမရှိတာခက်တယ်။ ဆွဲအဖွင့်ခံလိုက်ရတဲ့  ဘီယာဗူးတစ်ဗူးလို နာကျင်သံတွေ
တစီစီနဲ့တုန်ယင်နေပါတယ်။ကိုယ့်ကိုယ်ကို ကြိုးပြန်ညှိနေရခြင်းမှာ ငါ့ဂီတဟာ ငါ့ကိုနားဝင်မချို
တာ့ဘူး။ ကူးခတ်နေရတာဟာ မြစ်တစ်စင်းမှဟုတ်ရဲ့လားလို့  တွေဝေနေချိန်မှာပဲ လှိုင်းတွေက
ငါ့ကိုဝါးမြိုခဲ့ပြီ။ယုံကြည်ချက်တစ်ခုခု ခိုင်မာလာခြင်းရဲ့ဘေးထွက်ဆိုးကျိုးအဖြစ်ငါ့စိတ်ကထိလွယ်
ရှလွယ်ဖြစ်လွန်းလာခဲ့တယ်။ 'မနေ့က'ဆိုတာဖြစ်ကတက်ဆန်းသေဆုံးခဲ့ရပြီးပြီ၊ ' ဒီနေ့'ကိုဘယ်
လိုမွေးမြူရမှာလဲ၊'မနက်ဖြန်'ဟာရှင်သန်နေနိုင်ပါ့မလား။ပိုက်ဆံအကြောင်းရေးရမယ့် အက်ဆေး
တစ်ပုဒ်ပါရင်ပဲ အဲဒီစာမေးပွဲကို ငါရှုံးပါတယ်။ ပြင်လွယ်ဖျက်လွယ်  စည်းကမ်းသတ်မှတ်ချက်တွေ
ကြားမှာ ထမင်းရည်ပူစည်းခဏခဏလောင်တယ်၊ဒီကစားပွဲကနေ ငါထွက်လို့မရဘူးလား။ ငှက်
ကလေးတစ်ကောင်ကိုလေးခွနဲ့ပစ်ပြီးခါမှ အဲဒီငှက်ကလေးဟာ ငါကိုယ်တိုင်ဖြစ်နေတာ သိလိုက်
ရတယ်။ အချိန်စေ့ကြောင်းသံချောင်းခေါက်သံကြား လိုက်ရချိန်မှာ  ငါ့အဖြေလွှာဟာ ဘာမှမရေး
ရသေးဘူး။ လမ်းတွေကတော့ဆက်သွားနေပါတယ်။ခြေထောက်တွေကိုရပ်ပြီး ငါ့နာမည်ကိုအော်
ခေါ်ကြည့်တယ်။ မိုးတွေရုန့်ရင်းကြမ်းတမ်းစွာရွာတယ်။ လမ်းတွေကဆက် သွားနေကြတုန်းပါပဲ။
ဘယ်သူမှပြန်မထူးဘူး။ ။



လင်းဝေအိမ်(30-04-2012)

No comments:

Post a Comment